Thursday, December 8, 2011
ဓ၀်ၟဆ်ုဏံင့်ယာၟဆီ့မိင်
Sunday, August 7, 2011
ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲ သမိုင်းအကျဉ်း
္ဘုဂ်ထင်းထါင် လာခုဂ်ခါင်ၟစူးယိုဝ် ဟှယ့်စါင်းက္ဘိုဲး ထိုင့်ဖူၟ၀ဲါသယ်လ်ုဖး ဏေ၀်ၟ္ဘးလာၟ ဆ်ုသာထံင်ဏါင်း ဏင်စယ်အ်ုဟှင်ၟ လု skykaren္ဘ်ုလ၀့်ဖိုင် မာဏေ၀်ၟထဟှံင် ဍောဟ်လင်ထါင် အ်ုသင့် ဍုဂ်လင်္ဘးယိုဝ်ဆေ၀်ၟလှ်။
ဖႜုံဆိုဒ်ဖေါဟ်လာခုဂ်ခါင်စူး ထူ့ရူ့ယိုဝ် ကာလာစါင်းထင်း တာကစ္စတန် မူၟထင်းလ်ုဖါခ၀့် (BC-1864)၊ ကာလာလ်ုထံင်ဍာ်္ဘး တ္ဘိက်ခါန်ၟဖိုင် (BC-1866) ဏိင်း၊ ထံင်ၟထီ့ခါန်ၟဏီ့္ဘိင်းအု္ဘိုင်ဆိုင်ဏှ် အှ်ပုထုက်ဝေ့(ဏီ့)ဏိင်းခါ့ ကိုဝ်ဝေ့ ကန္တာရ၀တ္ဘီကျံင်ကိက်ခေႜါဟ် ထီ့ဆေ၀်မေံယွာ ဆ်ုလင်ဍာဏှ် ကဲထင်းဝေ့လာခုဂ်ခါင်စူး ဆ်ုဖါ်ဆ်ုမာ (BC-1865) ဏိင်းခါ့ဏှ်ဆေ၀်လှ်။
ဍောဟ်ထောတ်နောတ်ဝး ယှောတ်ဝီးလာၟၟၟအင်းသံင်းဆ၀့်ပ၀်ပျုက်ဝေ့ဏှ်ဟှး….
.ပြႜူးလာဟှယ့်ထါင် ဟှယ့်ထါင် ဟှယ့်ထါင်အှ်လုဟှိင်း၊ ဟှယ့်ထါင်အှ်လုဃှင့်၊ ဟှယ့်ထါင်အှ်ဍေမောဝ်ၟဖါၟ၊ ဟှယ့်ထါင်အှ်ဍေဖူၟ၀ဲါ၊ ဟှယ့်ထါင်အှ်ဍေထီသိုဝ်၊ ဟှယ့်ထါင်အှ် လ်ုဍုံတ်ုဝါန့်၊ အှ်္ဘးခေါဟ်လံင်ဆုဂ်လ်ုဃှေဝ်၊ အှ်္ဘးမိင်လးကႜာလ်ုဃှေဝ်၊ အှ်္ဘးသွးခေါဟ်လံင့်ထ်ာလုဃှေဝ်၊ အှ်္ဘးဍုံလင့်ဖင့်ကျာလ်ုဃှေဝ်၊ ဏယ်မိင်လ်ုဃှေဝ်၊ ဏယ်ဖႜိုဝ်လ်ုဃှေဝ်၊ ဟှယ့်ထါင်အှ်ကုံ၊ ဟှယ့်ထါင်အှ်ရုံ့ လ်ုဟှိင်းလ်ုဃှင့်၊ ဟှယ့်ထါင်အှ်ဍေမောဝ်ၟဖါၟဖူၟ၀ဲါ ကိုဝ်စိုဝ်ဍေပႜူးလာ ဟှယ့်ထါင် ဟှယ့်ထါင်ဋ္ဋ။
မ်ုခါင်စူးဏှ်ဍ၀် ခွါဖိုင်တာင်လင်ဝေ့ဍး မေ၀်ထုံဍူး နဦု့ဍူး၊ မေ၀်အါင်ထံင် နဦု့္ဘိင်း၊ သာကဲုသး နဦု့ဖႜုံး၊ ဆီ့ဖေါဟ် နဦု့ကုဂ်၊ ဖ၀့်ဝီၟလး နဦု့ထါင်၊ လူးအွာယါင် နဦု့ယါင်၊ ထီ့လ်ုထဦု့ခုံ နဦု့မိင်ဏှ်လှ်။ ခါင်ၟစူးဟှင်ၟ္ဘးဆူ့လင် နဦု့မိင်ဍုဂ်ပါင်ဏှ် မွ္ဘဲားဏှ်လယ့်စာ်္ဘိုဝ် ကောဝ်ကြင်ဟ်ုမႝီၟမူးခွါ့လုက်ဆိင့်လ်ုဖး အှ်ဝေ့ဍး မူၟနဦု့မူၟအ်ုခေါဟ်ကျံင် ပါလၜလင်ဝေ့ ဟ်ုနဦု့မူး၊ ဟ်ုနဦု့ခွါ့ နဦု့ဟှာဏှ်ဆေ၀်လှ်။
မေ၀်ထုံဍူး နဦု့ဍူး၊ မေ၀်ထံင်နဦု့ထံင်သယ်ဏှ်ဍ၀် မွဲာဝေ့ဍးဝီးလာနဦု့ဟှာဟ်ုစါ် မေံသးဆ်ုသှေ်ယာ၊့ ဏါၟဆ်ုသှေ်ယာ့၊ နိုဝ်ဖေႜ၀်ဆ်ုသှေ်ယာ့၊ ဏင့်ဆာဆ်ုသှေ်ယာ့၊ သုင်းသာအှ်လင်ၟဍာ နဦု့မိင်ဏှ်လှ်။
(၁)္ဘေ့မေ၀်ထုံဍူးအှ်ကုံ ဆိက်ပႝိက်သိုဝ် ဖေါဟ်လီလ်ုဖး အှ်ကုံအှ်ရုံ့ သၞ၀့်ဃှူ့ဃှင်အှ် တ်ုတွယ်စူးဆိက်ပႝိက်လာၟကိုဝ်္ဘႜင်ဍေ…။
(၂)္ဘေ့မေ၀်ထံင်ဏီ့္ဘံင်းကာထိက်သာသိုဝ် မောဝ်ၟထာ် ဖါၟထာ် ဖေါဟ်လီဏီ့ခ၀့်လ်ုဖး လင်ဖါဆိင်းပြာလ်ုဃှေဝ်၊ အှ်ကာထိက်သာကိုဝ်ဆိုဝ်ဍေ…။
(၃)္ဘေ့သာကဲုသးသိုဝ် ထိုင့်ဖူ.၀ဲါ မောဝ်ၟထာ် ဖါၟထ်ာလုဖး အဲကဲုလောဟ်သာ၊ သာကဲုလောဟ်သာ၊ သာထိင်ၟလောဟ်သာ၊ သုင်းသာဆါင်းက်ါလုအှ် သုင်းသာဆိုင့်လာၟ ကိုဝ်္ဘႜင်ဍေ….။
(၄)္ဘေ့ဆီ့ဖေါဟ်သိုဝ် မဲထင်းလ်ုမေ့ထာ် လင်ထေံလ်ုအှိဝ် အ်ုဝီ.လင်လ်ုအိုဝ် အ်ုလးထင်း အ်ုဖေါဟ်ထင်းဆေ၀်ၟ၊ အ်ုဖေါဟ်ဍောဟ်ထင်းယှာၟထင်း ဟူၟထင်းဝေ့ဍးကိုဝ်္ဘႜင်ဍေ…။
(၅)္ဘေ့ဖ၀့်ဝီၟသိုဝ် ဍိင်ယိက်ထင်း ဍိင်နိုင်ၟမိုင့်စွးထင်းသိုဝ် ဖေါဟ်လီမောဝ်ၟထာ် ဖါၟထ်ာလုဖး ဍိင်ယိက်ထင်း လင်ဖေါဟ်လင်လီ ထ်ုယ၀်.ပြာထာ့ အ်ုရၜနိုင်ၟမိုင့်ဍးဝေ့ ကိုဝ်္ဘႜင်ဍေ…။
(၆)္ဘေ့ထီ့ခႜိင်းသိုဝ် ဖေါဟ်လီမောဝ်ၟထာ် ဖါၟထ်ာသယ်လ်ုဖး အှ်ဆံင်းအှ်ခႜါင့်၊ ယှူးခႜိင်း္ဘှ်ယ၀့်လာ.ကိုဝ်ဆိုဝ်ဍေ…။
(၇)္ဘေ့လူးအွာသိုဝ် မောဝ်ၟထာ် ဖါၟထ်ာဖေါဟ်လီသယ်လ်ုဖး သုင်းသာဟှေဝ်အွာလာၟကိုဝ်ဟှာဍေ၊ ဆ်ုဖါ်ဆ်ုမာလ်ုအုဟှေဝ်အွာဏှ် မာပ္တံင်ကဲလာၟဆာ် ကိုဝ်ဆိုဝ်ဍေ….။
ဍောဟ်ထောတ်နောတ်ဝး ယှောတ်ဝီးလာဟှံင် သုင်းကေသာယှာၟ မောဝ်ၟဍောဟ်မာန်ထ၀့်သယ်ဏှ် ကိက်လင်ဝေ့ လူးယါင် ခဦု့ (ခွ)ထင်းစးခေါဟ် ဆောတ်ဖးရာဓနာၟ ခါင်.ဖှေ်စူးဏှ်ဆေ၀်ၟလှ်။
ပြႜူးလာ ဟှယ့်ထါင် ဟှယ့်ထါင်၊ အှ်္ဘးခေါဟ်လံင်ဆုဂ်လ်ုဃှေဝ်၊ အှ်္ဘးမိင်လးကႜာလ်ုဃှေဝ်၊ အှ်္ဘးသွးခေါဟ်လ်ုဃှေဝ်၊ အှ်္ဘးလံင့်ထ်ာလုဃှေဝ်၊ အှ်္ဘးဍုံလင့်လ်ုဃှေဝ်၊ အှ်္ဘးဖင့်ကျာလ်ုဃှေဝ်၊ ဏယ်မိင်လ်ုဃှေဝ်၊ ဏယ်ဖႜိုဝ်လ်ုဃှေဝ်၊ ဏယ်္ဘးဏင်ၟလ၀့်လ်ုဃှေဝ်၊ ဏယ်္ဘးဏင်ၟခႜယ်လ်ုဃှေဝ်၊ ဏယ်္ဘးခႜုံးဆါင်းလ်ုဃှေဝ်၊ ဏယ်္ဘးကျာမာန်လ်ုဃှေဝ်၊ ဟှယ့်ထါင်လ်ုဍုံ၊ ဟှယ့်ထါင်လ်ုတုဝါန့်၊ ဟှယ့်ထါင်လ်ုဟှိင်း၊ ဟှယ့်ထါင်လ်ုဃှင့်၊ ဟှယ့်ထါင်အှ် ဍေမောဝ်ၟဖါၟ၊ ဟှယ့်ထါင်အှ်ဍေဖူၟ၀ဲါ၊ ဟှယ့်ထါင်အှ် ဍ္ဘေုဂ်ထိင်ၟဆါင့်ဆာ၊ ဟှယ့်ထါင်အှ်ဍေထီသိုဝ်၊ ဟှယ့်ထါင်သုင်းဃှဲု့သာယွာ၊ ဏင့်ဆာၟဆံင်းခႜါင့်၊ အါင်းလုံၟထေံဖါ၊ အါင်းထာထေံ၊ ဆံင်း္ဘေ့ခႜီ့ ဖႜိဳ၀္ေ႓့ဖႜါၟ၊ ဟှယ့်ထါင်ဆောတ်ဆေ၀်၊ ဟှယ့်ထါင်ဆောတ်ဓံင့်၊ ဟှယ့်ထါင်ဆောတ်မႝိက်သိင်ၟလာ့၊ ဟှယ့်ထါင်ဆောတ်ဆ်ုသှေ်ဆု္ဘး၊ ဟှယ့်ထါင်ဟှယ်ဆ်ုဖါ်ဆ်ုမာ၊ ဟှယ့်ထါင်ကုက်က်ုလုံ့ကါင်ကာ၊ ဟှယ့်ထါင်ပ္တံင်ဆ်ုဖါ်ဆ်ုမာ၊ ဟှယ့်ထါင်တာင်ဍောဟ် မောဝ်ၟဖါၟ၊ ဟှယ့်ထါင်တာင်ဍောဟ်ဟှိင်းဃှင့်၊ ဟှယ့်ထါင်တာင်ဍောဟ်ဍုံတ်ုဝါန့်၊ ဟှယ့်ထါင်တာင်ဍောဟ်အ်ုဆိုဒ်အ်ုဆ၊ ကဲလာၟဝေ့ကိုဝ်္ဘႜင်ဍေ...ဋ္ဋ။
ပျုင်းထေံခွိက်လူးထိုဝ်ဟှံင် အင်းမာဏေ၀်ၟမေ၀်လ်ုစယ် မေ၀်အါင် သာကဲုသး ဆီ့ဖေါဟ်သယ်ဍေလူးထိုဝ်ဏှ် ဆောတ်ဖးပျုက်ဝေ့….ပြႜူးလာ ဟှယ့်ထါင် ဟှယ့်ထါင် ဟှယ့်ထါင်အှ် လ်ုခေါဟ်ထီးခေါဟ်ဍံင်ယိုဝ်၊ ခေါဟ်အွာယင်လူးထိုဝ်…ဋ္ဋ ဍီးထင်းဝေ့မေ၀်သယ် ခေါဟ်ဍံင်လံင်ဏှ်ဟှံင် ခါင်ၟစူးဟှံင်ဝေ့ဍးဆေ၀်ၟလှ်။
ဖႜုံဆိုဒ်ဖေါဟ်သီး လ်ုဏိင်းလု္ဘႜင် လာခုဂ်ဖိုင် ကိုဝ်ဍုံကိုဝ်တ်ုဝါန့်ဍေ ခါင်ၟကုံစူးဆောတ်ဝီးလာ ဆ်ုပုယောတ်ဏှ် လ်ုဏိင်းလု္ဘႜင် ဍးကုံလောဟ်သာဖေါဟ်လီသယ် ဟှယ့်ထါင်အှ်ကုံ အှ်လာၟအေဃှူ့ဃှင်၊ အှ်လာၟသုင်းအေဟှေဝ်၊ သာအေဖါန်၊ ဆ်ုဟှယ့်လ၀်ဏှ် ဏယ်ယ၀့်္ဘးလ်ုဃှေဝ်၊ ပ်ဳက္လာၟေမာ၀္ၟဖါၟ ထူ့ရူ့မုင်ၟ္ဘျာ ကေႜစိုဒ်ကုက်လာၟ က်ုလုံ့ကါင်ကာ၊ ဍောဟ်ယှာၟထင်းထ၀့်၊ ယုက္ထ၀့္လာၟ ထံင္ၟသာယွာၟေခါဟ္အြာ၊ အင်းသံင်းဆ၀့်ပ၀် လ၀်ဟှိုင့်ဖေါဟ်လီ ရာဓနာၟဖှေ်ဝေ့ မွ္ဘဲာိုဝ်လှ်။
မောဝ်ၟဖါၟ သုင်းကေသာယှာၟလ်ုဖး အင်းသံင်းဆ၀့်ပ၀် လ၀်ဟှိုင့်မာလောဟ်ဝယ် ဖေါဟ်လီစူးခေါဟ်လံင် ခါင်ၟဖှေ်ဍေလူးအွာ လ်ုဏိင်းလု္ဘႜင် လာခုဂ်ဖိုင် ကိုဝ်ဏိင်းဍေဏှ် ကဲထင်းဝေ့ လာခုဂ်ခါင်ၟစူး လင်ဖေါဟ်လင်လီ အ်ုထ၀်ထ၀် အှ်လင်ထေံဏေ၀်ၟမိင်ဝေ့ ထူ့ရူ့လ်ုမိင်ဏှ်ဆေ၀်ၟလှ်။
မူ.ယံင့်ဖါန်
ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲ သမိုင်းအကျဉ်း
ကရင်အမျိုးသားများ၏ မင်္ဂလာရှိသော ရိုးရာဓလေ့များအနက် ကရင့်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့  မင်္ဂလာပွဲတော် အလွန်မွန်မြတ်သော ရိုးရာပွဲတော်တစ်ခု ဖြစ်ပါသည်။ ဤမင်္ဂလာပွဲတော်သည် ဘာသာရေးပွဲတော်တစ်ခုမဟုတ်ပါ။ ရှေးဘိုးဘေးဘီဘင် ကရင်လူကြီးများ၏ အဆိုအမိန့် အရ ၀ါခေါင်လသည် မကောင်းဆိုးဝါးများ၏ မြူးတူးပျော်ပါးသည့် လရာသီဖြစ်သည်။ ထိုမကောင်းဆိုးဝါး ၀ိဉာဉ်(လိပ်ပြာ)များသည် လူသားတို့ ၏ ၀ိဉာဉ် (လိပ်ပြာ)များထံ ခိုဝင် ပူးကပ်မှုပြုတတ်သည့်အပေါ် လူသားများ၏ ၀ိဉာဉ် (လိပ်ပြာ)နှင့် ပူးကပ်ကျွမ်းဝင်မည်ကို အလွန်စိုးရွံသဖြင့် မိဘဘိုးဘွားများမှာ သားသမီးမြေးမြစ်များ၏ ၀ိဉာဉ် (လိပ်ပြာ)ကို ခေါ်ပြီး သန့် ရှင်းဖြူစင်သည့် ချည်ဖြူဖြင့် တုတ်ချည် ချုပ်နှောင်လိုက်ခြင်းဖြစ်သည်။
ကရင်လူမျိုးများသည် မြန်မာပြည်ဟု ယခုခေါ်ဆိုသောဒေသသို့  မရောက်ရှိလာမှီအချိန်ကာလကတည်းကပင် မွန်ဂိုးလီးယားနိုင်ငံရှိ ကုန်းပြင်မြင့်မှနေ၍ ကရင့်ရိုးရာချည်ဖြူဖွဲ့ အင်္ဂလာပွဲတော်ကို နှစ်စဉ် ဆင်နွှဲလာခဲ့ကြပါသည်။ ဟိုးရှေးခေတ် ဘိုးဘေးဘီဘင်များသည် ယခုခေတ် ကျွန်ုပ်တို့ ခေတ်ကာလ လူများနှင့် အလွန်ကွဲပြားခြားနားစွာဖြင့် အသက်ရှည်ကြာကြပါသည်။ ခေတ်မှီဆေးဝါးများကို ရယူသုံးစွဲပြီး အသက်ရှည်ကြာကြခြင်းမဟုတ်ချေ။ ထိုသို့  အသက်ရှည်ကြာကြသည့်အတွက် (ဖေါဟ်လ်ုဆီ့ – လီလ်ုယာ) (သားသမီးတကျိတ် မြေးတရာ) ဟူ၍ ဘိုးဘွားများ ပြောစမှတ်ရှိသည်ကို တွေ့  ရှိမှတ်သားမိပါသည်။ အဆိုပါအဆက်ဆက် အများအပြားသော သားသမီးများသည် နိယာမအရ အချိန်တန်အရွယ်ရောက် အိမ်ထောင်သားမွေးပြုကြပြီး ရောကြည်ရာ၊ မျက်နုရာ မိမိတို့  ကျွမ်းကျင်ခုံမင်သည့် လုပ်ငန်းအစုစုဖြင့် အရပ်ဒေသအသီးသီးသို့ ထွက်ခွါလှုပ်ရှား အသက်မွေးဝမ်းပြုကြသည့်အခါ မိဘဘိုးဘွားများနှင့် အလှမ်းဝေးကွာကြပြီး မွန်ဂိုးလီးယားသားအနွယ်ဝင် များနှင့် ထိုင်း၊ တရုတ်အနွယ်ဝင်လူမျိုးများတို့ နှင့်အတူ ရောနှောနေထိုင်လာကြသည့်အတွက် မိဘဘိုးဘွားများက မိမိ၏ သားသမီးမြေးမြစ်များ ကွဲပြား ပျောက်ကွယ်သွားမည်ကို စိုးရိမ်ပူပန်ကြ၍ ၀ါခေါင်လပြည့်ရောက်သည့်အခါ တနယ်တကျေးသို့ နေထိုင်ကြသည့် သားသမီးမြေးမြစ်များ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည်အားဖြင့် မည်ကဲ့သို့  ဖြစ်ရှိနေသည်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ မြင်သိရှိနိုင်ရန်နှင့် စီမံဆောင်ရွက်ပေးနိုင်ရန်အတွက် စုစည်းကာ တချိန်တနေရာတည်း၌ပင် လိုအပ်သလို စီမံဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။ သားသမီးမြေးမြစ်များအတွင်း အပြန်အလှန် ချစ်ကြည်ရင်းနှီးပြီး စိတ်ဝမ်းကွဲပြားမှုမရှိစေရန် တစုတစည်းတည်း ဆုံးမဩ၀ါဒပေးနိုင်ရန်လည်း ဖြစ်ပါသည်။
ကရင်လူမျိုးများသည် ရေကြည်ရာ၊ မျက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွါလာကြသည့်အခါ အုပ်စုခွဲ၍ “မောဝ်ထါ်”(အမိဘက်) “ဖါထါ်” (အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထိုသို့ အုပ်မကွဲမှီကတည်းက တဦးနှင့်တဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်း အသိအမှတ်ပြုစောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး မိဘဘိုးဘွားများဖြစ်သည့် ကရင့်ခေါင်းဆောင်များက မိမိ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်သညာအဖြစ် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။ ကရင်လူမျိုးများသည် ကိုဘီသန္တာရအား ဖြတ်သန်းရာတွင် မိုးအများဆုံးရွာသောလဖြစ်သည့် ၀ါခေါင်လတွင် ဖြတ်သန်းလာခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သဲကန္တရအား ဖြတ်သန်းရာတွင် မိုးများရွာသည့်အတွက် အပူဒဏ်ခံနိုင်ခြင်း၊ သောက်သုံးရေများ အလွယ်တကူ ရရှိခြင်းတို့ ကြောင့် ဖြစ်သည်။ ထိုသို့  သဲကန္တရာမဖြတ်သန်းမှီ တဦးနှင့်တဦး ပြန်လည်မှတ်မိကြစေရန် ရည်ရွယ်၍ လက်ကောက်ဝတ်တွင် အမှတ်အသားအဖြစ် ချည်ဖြူဖွဲ့ နှောင်ပေးခြင်းဖြစ်သည်ဟု ယူဆကြသည်။ ထို့ အပြင် ၀ါခေါင်လတွင် ကရင်လူမျိုးတို့ သည် လယ်ယာလုပ်ငန်းခွင်အတွင်းသို့ ဝင် ရောက်လုပ်ကိုင်ကြသည့် အချိန်အခါဖြစ်သည့်အလျှောက် အလွန်ပင်ပန်းသဖြင့် မကောင်းဆိုး ၀ါးများ ပူးကပ်သည့်အခါ လူ၏ခန္ဓာကိုယ်၌ရှိသော ၀ိဉာဉ် (လိပ်ပြာ)များ လွှင့်ပါးမသွားစေဘဲ အစားအသောက်များများ ပိုမိုစားသုံးနိုင်ရန်ရည်ရွယ်၍ ချည်ဖြူဖွဲ့ ခြင်း ပြုလုပ်ကြသည်ဟု ယုံကြည်ကြသည်။
ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သည် စင်စစ်အားဖြင့် အလွန်ကောင်းမြတ်သည့် အနှစ်သာရနှင့် ရည်ရွယ်ချက်များ ပါရှိပါသည်။ ကရင်လူမျိုးသည် စိတ်ထားဖြူစင်သန့် ရှင်းပြီး၊ ကံတရားအပေါ် သက်ဝင်ယုံကြည်အားကိုးသော လူမျိုးတမျိုးဖြစ်သည်နှင့်အညီ အစဉ်သဖြင့် ကံကောင်းအကြောင်းလှစေရန်နှင့် မကောင်းသည့်အကြောင်းတရားများ ကြုံတွေ့  ခံစားရခြင်းမျိုး မရှိစေရန်အတွက် မိဘဘိုးဘွားများမှ မေတ္တာပို့ သ ဆုတောင်းပထနာ ပြုပေးခြင်းလည်းဖြစ်ပါသည်။ အချုပ်အားဖြင့် ဆိုရပါလျှင် ကရင်အမျိုးသားထုအတွင်း စည်းလုံးညီညွတ်စွာဖြင့် နေထိုင်လှုပ်ရှားခြင်း၊ ကောင်းမြတ်သည့် ကိုယ်ကျင့်တရားနှင့်ပြည့်စုံရန် အားထုတ်ကြိုးပမ်းစေခြင်း၊ မိမိ၏အမျိုးသားရေးစိတ်ဓါတ်များ ယဉ်ကျေးမှုအမွေအနှစ်များ တိုးတက်ပွားများ ရှင်သန်နိုးကြားစေခြင်းများကို ပြည်လည်လှစ်ဟနိုးဆွပေးသည့် ကရင့်ရိုးရာ ၀ါခေါင်လ ချည်ဖြူဖွဲ့  မင်္ဂလာပွဲတော်ကို အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပလုပ်ဆောင်ခြင်းဖြစ်ပါသည်။
ကရင့်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သည် တောင်ပေါ်၊ မြေပြန့်  ကရင်တစ်မျိုးသားလုံး၏ မင်္ဂလာရှိသောနေ့ ကြီးတနေ့  ဖြစ်ပါသည်။ ဤကဲ့သို့  ကရင်မိဘဘိုးဘွာားများ၏ တစ်ခုတည်းသော ရိုးရာအမွေအနှစ်ကြီးဖြစ်ပြီး ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ပေးခဲ့သော နေ့ ကြီးတနေ့  လည်းဖြစ်ပါသည်။
ကရင့်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သည် ၀ါခေါင်လဆန်း ၁ ရက်မှ ၁၅ ရက် လပြည့်နေ့ အထိ နှစ်စဉ် ကျင်းပလုပ်ဆောင်ခဲ့ကြပြီး လမည့် ကရင့်သက္ကရာဇ် ၂၇၄၈ ခုနှစ်၊ ၀ါခေါင်လဆန်း ၁၅ ရက် လပြည့်နေ့ တွင် ပြည်တွင်း၊ ပြည်ပမှ ကရင်အမျိုးသားများ ၀ါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပလုပ်ဆောင်မည်ဖြစ်ပါသည်။
ဖားစည်သံမှ ကူးယူတင်ပြထားသည်။
ဖါးစည်သံ
Wednesday, June 9, 2010
စာပေစိတ်ဓာတ်ကို သုံးသပ်မိခြင်း...
ကရင်လူမျိုးသည် စာပေယဉ်ကျေးမှု ပြည့်စုံစွာရှိသည့် လူမျိုးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသား
လူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုခံရခြင်းဖြစ်သည်။ သို့သော် စာပေယဉ်ကျေးမှုကတော့ ရှိသည်။ တိုးတက်မှုကား မရှိ၊ တိုးတက်အောင်လည်း စိတ်မကူးကြ၊ စာပေစိတ်ဓာတ်ပြည့်ဝသူ အလွန်ရှားသည်။ ဒါကြောင့် ကရင်သည် လူဦးရေနဲ့ ကြည့်လျှင် စာပေစိတ်ဓာတ် နည်းသေးသည်ဟု ဆိုလျှင် မှားမည်မထင်။
စာရှုသူအနေဖြင့် ကရင်သည် စာပေစိတ်ဓာတ်နည်းသည်ကို လက်မခံနိုင်လျှင် လက်ရှိ ကရင်စာပေအဆင့်အတန်းနှင့် ကရင်လူမျိုးတို့ နေ့စဉ်သွားလာလှုပ်ရှားနေသည် ဆန်းစစ်ကြည့်လျှင် အဖြေပေါ်ပါလိမ့်မည်။
သို့အတွက် စာပေစိတ်ဓာတ် ရှိမရှိ သိချင်လျှင် ကရင်တစ်ယောက်ကို ကရင်စာရေးခိုင်းကြည့်ပါ။ ဒါမှမဟုတ် ဖတ်ခိုင်းကြည့်ပါ။ အဖြေမည်သို့ ထွက်လာမည်နည်း။ ထို့ထက်ပို၍ သိသာသည်က ကရင်တွေ နေထိုင်ကြသည့်
မြို့၊ရွာတွေမှာ ကရင်စာပေ ဖွင့်လှစ်သင်ကြားခြင်း၊ အလွန်နည်းလို့ပါပဲ။ ဒါ ဘယ်သူမှ ငြင်းလို့မရသည့် သာဓကတစ်ခုပါ။ ကရင်ဖြစ်ပြီး ကရင်စာကို ပြန်လေ့လာသင်ယူရန် ၀န်လေးနေလျှင် စာပေစိတ်ဓာတ် မရှိသူပင်ဖြစ်သည်။ ´စာပေစိတ်ဓာတ်ဟူသည် မျိုးချစ်စိတ်ဓာတ်ရဲ့ အခြေခံဖြစ်၍ စာပေစိတ်ဓာတ်မရှိလျှင် မျိုးချစ်စိတ်ဓာတ်မရှိခြင်းနှင့် အတူတူပင်ဖြစ်သည်´။
ဒါကြောင့်လည်း အမျိုးချစ်သူတိုင်း မိမိစာပေကို မြှင့်တင်ကြသည် ဟု စာပေပုဂ္ဂိုလ်ကြီးများက ဆိုစမှတ်ပြုကြသည်။ ကရင်လူမျိုးသည် မိမိ၏စာပေကို အထင်သေး၏။ ကိုယ့်ကိုယ်ကို အထင်သေးလျှင် ဘယ်သောအခါမှ အောင်မြင်မှုမရှိနိုင်ပေ။ ကိုယ့်ခြေထောက်ကို ပြန်ရိုက်လျှင် ကိုယ်ပဲ အသားနာမည်။ ကိုယ့်မိသားစုကို ကိုယ်မချစ်လျှင် အဘယ်သူ လာချစ်မည်နည်း။ ကိုယ့်မိသားစု အခက်အခဲကို ကိုယ်မကူညီလျှင် ကိုယ်ပဲ ဒုက္ခရောက်နိုင်သည်။ ကိုယ့်စာပေ
ကို အထင်သေးလျှင် ကိုယ့်ကိုယ်ကို အထင်သေးသည်နှင့် အတူတူပင်။
ကရင်လူမျိုးသည် ပညာတတ်ကြီး၊ ပညာရှင်ကြီး မဟုတ်သည့်တိုင် ပညာတတ်တော့ ရှိပါသည်။ ပညာတတ်ဟု ဆိုရာမှာ ယနေ့ ကရင်လူမျိုးထဲမှ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘွဲ့ရပုဂ္ဂိုလ်များနှင့် ဘာသာရေးခေါင်ဆောင်များ စသူတို့ကို ဆိုလိုပါသည်။
၎င်းပုဂ္ဂိုလ်တို့သည် အမျိုးသား စာပေအတွက် ဘာတွေ လုပ်ဆောင်နေသနည်း။ ရှင်းပါသည်။ ဘာမှ လုပ်ဆောင်ခြင်း မတွေ့ရသေးပေ။ နောင်လည်း တွေ့ရမည့်ပုံမပေါ်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ ခေတ်ပညာ
ဆည်းပူးနေသော ကရင်လူငယ် မောင်မယ်များသည် မိမိစာပေကို လုံးဝစိတ်မ၀င်စားလို့ပါပဲ။
သို့သော် အနည်းစုတော့ ရှိကောင်းရှိမည်။ တစ်ဦးတစ်ယောက်သာ စာပေကို စိတ်ဝင်စားမည်ဆိုလျှင် အများကို
လွှမ်းခြုံနိုင်မည်မဟုတ်ပေ။ တစ်နည်းပြောရလျှင် စာပေတိုးတက်အောင် မလုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကရင်လူမျိုးသည် စာပေစိတ်ဓာတ် မရှင်နိုင်သေးဟု ကောက်ချက်ချရပါလိမ့်မည်။
စာပေစိတ်ဓာတ်နှင့်ပတ်သက်လို့ စာရေးသူတွေ့ရသလောက် ခေတ်ပညာတတ် လူငယ်တွေကို တီးခေါက်ကြည့်သောအခါ စာပေစိတ်ဓာတ် မရှိမှန်းသိရသည်။ဘာကြောင့်လဲဆိုတော့ သူတို့နှုတ်ဖျားမှ စာပေအကြောင်း ထွက်မလာလို့ပါပဲ။ စာရေးသူသည် ကရင့်ဓလေ့မပျောက်ပျက်ရန် ရည်သန်ပြီး တတ်နိုင်သလောက် ကရင်ရေးရာ စာအုပ်တွေကို မကြာမကြာ ပုံနှိပ်ထုတ်ဝေဖြစ်သည်။
တစ်နေ့တွင် စာရေးသူ ထုတ်ဝေထားသော စာအုပ်တွေကို ကရင်လူမျိုးအများ လေ့လာဖတ်ရှုနိုင်ရန် အများမြင်နိုင်သည့် နေရာတစ်ခုမှာ ချထားပါသည်။အဲသည်အချိန်မှာ ဥပဒေကျောင်းသားတစ်ဦးက စာအုပ်ချထားသည်ကိုတွေ့တော့ တရှိန်ထိုးပြေးလာကြည့်ကာ အနားရောက်မှ ကရင်စာအုပ်မှန်းသိတော့ ကြည့်တောင် မကြည့်တော့ဘဲ လှည့်ထွက်သွားသည်။
နောက်တစ်ယောက်က ဆေးကျောင်းသားတစ်ဦးပါ။
သူနဲ့စာရေးသူ စကားစပ်မိရာ စာပေအကြောင်းဘက်သို့
ရောက်သွားသည်။ သူက `ကရင်စာဟာ ဘယ်နေရာမှ အသုံးမ၀င်ပါဘူးကွာ၊ကရင်စာ မတတ်တော့လည်း ဘာဖြစ်လဲ၊ ကရင်စာတတ်တော့လည်း စီးပွါးရေး အထောက်အကူပြုတာ မဟုတ်ဘူး၊ ခေတ်မမှီတဲ့ ပညာရေးတစ်ခုကို ကြိုးစားပမ်းစား သင်ယူနေလျှင် အချိန်းဖြုန်းတာနဲ့ အတူတူပဲ။ အချိန်ကို အကျိုးရှိရှိ အသုံးချစမ်းပါ`…လို့ပြောသွားပါတယ်။ သူ့အမြင်မျိုး ကရင်လူငယ်မောင်မယ်များထဲမှာ ဘယ်လောက်ရှိနေပြီလဲ ဟု မပြောတတ်တော့ပေ။ များများသာ ရှိလျှင်တော့ ကရင်လူမျိုး မြန်မြန်ပျောက်ကွယ်သွားမည်မှာ သေချာသည်။
ခေတ်ပညာ ဘယ်လောက်တော်တော်၊ ဘယ်လောက်တတ်တတ်၊ အမျိုးသားဘာသာစကားနှင့် စာပေကို
စိတ်ဝင်စားမှု မရှိသရွေ့ စာပေစိတ်ဓာတ်ရှိသူဟု မဆိုထိုက်ပေ။ ပညာတတ်တစ်ယောက်အဖြစ်တော့ အသိအမှတ်ပြု ခံရကောင်းခံရပါလိမ့်မည်။ သို့သော် တန်ဖိုးရှိသော သူတစ်ယောက်အဖြစ်တော့ သမိုင်းတွင်ရစ်မည် မဟုတ်။
စာရေးသူ သူငယ်ချင်းတစ်ယောက်ရှိလေသည်။ သူက အဝေးသင်တက္ကသိုလ်ကျောင်းသားပါ။ ကရင်စာပေနည်းပြလုပ်ခဲ့သလို လုပ်အားပေးဆရာလည်း လုပ်ခဲ့ဖူးသည်။ ရုတ်တရက်ကြည့်လျှင်တော့ စာပေစိတ်ဓာတ် အတော်ရှိပုံ ထင်ရသည်။ ဘယ်မှာဟုတ်မှာတုန်း။ နောက်မှ သူ့မှာ စာပေစိတ်ဓာတ် လေးလေးနက်နက် မရှိမှန်း သိလိုက်ရသည်။ ဖြစ်ပုံက ဒီလိုပါ။သူနဲ့ စာရေးသူသည် ပြောမနာ ဆိုမနာ တစ်ယောက်အကြောင်းတစ်ယောက်သိသူတွေ ဖြစ်သည်။ ကိစ္စတစ်ခုပေါ်တိုင်း ဆက်သွယ်ကြသည်။
တိုင်ပင်ကြသည်။ သူက စာရေးသူကို ဆက်သွယ်ရန် အမြဲလိုလို စာရေးအကြောင်းကြားလေ့ ရှိသည်။
သူ့စာက ကရင်လို တစ်ခါမှ မတွေ့ရပါ။ တကယ်လို့ စာပေစိတ်ဓာတ်ရှိလျှင် ပိုးကရင်အချင်းချင်း ပိုးကရင်လိုသာ ရေးသင့်သည်။
ထိုနည်းတူ ကရင်အများစုသည် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရာမှာ ကိုယ့်ဘာသာစကားစာပေရေးထုံးနှင့် ဆက်သွယ်သည့်အလေ့အထ အလွန်နည်းသေးသည်။ ဒါတွေကို ကြည့်လျှင် ကိုယ့်စာပေကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သည်။ ကိုယ့်စကား၊ ကိုယ့်စာပေ ပြောတတ်၊ ရေးတတ်လျက်သားနဲ့ မပြော၊ မရးဘူးဆိုလျှင် ကိုယ့်လူမျိုးတုံးအောင်လုပ်ခြင်းနှင့် ဘာခြားဦးမည်နည်း…။
ဒါကြောင့် `ငါ စာပေစိတ်ဓာတ်ရှိသည် `ဟု အော်ရုံနှင့်မပြီး၊ အပြောနှင့်အလုပ် တစ်ထပ်တည်းကျအောင် လုပ်သင့်ပါသည်။ နောက်ဖြစ်ရပ်တစ်ခုကား နွေရာသီ ကျောင်းပိတ်သည့်အတောအတွင်း စာပေစိတ်ဓာတ်ရှိသော ရွာတွေက ကရင်စာပေသင်တန်း ဖွင့်လှစ်ကြသည်။ သင်တန်းဖွင့်တော့ ပြဿနာနှင့် တိုးပြန်သည်။ အကြောင်းကား ပညာတတ် သမီးတစ်ယောက်က ကရင်စာ လာသင်သည်။ သူမ စာလာသင်သည်ကို မိဘတွေက မကြိုက်ကြ၊ မသင်ရန် တားမြစ်သည်။ နောက်တော့ သူမ၏ အမေက `ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးပဲ သမီး၊ ကရင်စာပေနည်းပြတွေလို လေလွင့်မနေနဲ့၊ သူတို့တွေက အမြင်ကျဉ်း၊ အယူသီး၊ အစွန်းရောက်တွေ၊ ကရင်စာသင်နေမယ့်အစား ဂျူရှင်ကြိုတက်ထားနိုင်ရင် သမီးအတွက် ပိုကောင်းသေးတယ်။ သမီးက ကရင်စာကို ကြိုးစားပမ်းစား သင်ယူနေတာ ဘ၀ရှေးရေးအတွက် ဘာအထောက်အကူပြုမှာမို့လို့လဲ` စသည်ဖြင့် သူ့သမီးလေးကို တရဟော ပြောချသွားသည်။
ပြီးတော့ သူမအဖေကလည်း စာပေနည်းပြတွေဆီသွားကာ `နင်တို့သင်တန်းဖွင့်တာ ဘယ်သူဖွင့်ခိုင်းလို့လဲ၊ သင်တန်းကြောင့် ကလေးတွေ ပျက်စီးကုန်ပြီ၊ နင်တို့သင်တန်းက ဘယ်မှာ တက္ကသိုလ် ရှိလို့လဲ၊ ကရင်စာပေသင်တန်းအောင်မြင်ရင်ရော အလုပ်ခန့်စရာ ရှိလို့လား၊ အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေ လျှောက်မလုပ်ပါနဲ့၊ နင်တို့လုပ်ရပ်ကို ရပ်တန်းက ရပ်ပါတော့` စသည်ဖြင့် ပြောသွားသည်။
သူတို့စကားကြောင့် အားလုံးက ဇဝေဇ၀ါ ကမောက်ကမ ဖြစ်ကုန်သည်။ တရွာလုံးက သူတို့ကို ဘယ်သူမှ မလွန်ဆန်ရဲပေ။ နောက်တော့ သင်တန်းရက်မစေ့ဘဲ တစ်ဝက်တစ်ပြက်နှင့်သာ အဆုံးသတ်လိုက်ရသည်။
ထို့ပြင် စာပေစိတ်ဓာတ် မရှိသည်ထက် မသိတာက ပို၍ပင် ခက်သေးသည်။ ကျေးလက်ဒေသ တစ်ချို့ ရွာတွေဆိုလျှင် အေးဆေးလွန်းလှသည်။ ပညာရေးအသိ၊ ကျန်းမာရေးအသိ၊ နိုင်ငံရေးအသိ၊ အမျိုးသားရေးအသိ၊ စာပေအသိစသည့် အသိဟူသမျှ မရှိသေးချေ။ ရိုးရာဓလေ့တောင်မှ လုပ်သာလုပ်ပြီး ဦးတည်ချက် မသိကြချေ။
အချိန်တန်လျှင် လယ်လုပ်သူက လယ်ထဲဆင်း၊ ခြံသမားက ခြံထဲဝင်၊ အရောင်းအ၀ယ်သမားက အရောင်းအ၀ယ်ရှာ သည်လိုနှင့်ပဲ လည်ပတ်ကြသည်။ စာပေသင်ရကောင်းမှန်း မသိကြချေ။ စာပေအသိ မရှိတော့ စာပေစိတ်ဓာတ်ကား အဘယ်မှာ ရှိမည်နည်း။ အများစုက ကရင်စာပေကို မတတ်ကြပေ။ အဲလိုရွားလည်း ရှိသေးသည်။ တစ်ချို့က ရေးထုံးကွဲ၍ မသင်ယူနိုင်ဟု ဆင်ခြေလက်ခြေပေးတတ်သေးသည်။ စာပေရေးထုံး ဘယ်လိုပဲ ကွဲပြားကွဲပြား၊ စာပေစိတ်ဓာတ် ရှိလျှင်တော့ ကိုယ့်ဘာသာစကားနှင့် သင့်တော်သည့် ရေးထုံးတစ်ခုတော့ တတ်ထားရန် လိုအပ်ပါသည်။ ဥပမာ -စကောကရင်ဆိုလျှင် စကောကရင်စာ တတ်ရမည်။ အလားတူ ပိုးကရင်လည်း ပိုးကရင်စာ တတ်ရမည်ဖြစ်သည်။
စာပေရေးထုံး အမျိုးမျိုးထဲမှ အရှေ့ပိုးကရင် ရေးထုံး(ရှေးဟောင်း၊ကရင်စာ)နှင့် ယနေ့ ကရင်သံဃာတော်များ အခန်းကဏ္ဍကို အလျဉ်းသင့်လို့ အကျဉ်းမျှ ပြောလိုပါသည်။(ပုတ်ခတ်ဝေဖန်ခြင်း မဟုတ်ပါ)
မြို့ကြီးပြကြီးမှာ ကရင်သံဃာတော်များ ဦးစီးဦးဆောင်သည့် ပရိယတ္တိစာသင်တိုက်တွေ ရှိပါသည်။ ကရင်ဘုန်းကြီးတွေ ထိုင်သည့်ကျောင်းဆိုလျှင် စာသင်သား အများစုကတော့ ကရင်တွေချည်းသာ ဖြစ်သည်။
သို့သော် သူတို့လေးတွေ ကရင်စာ မတတ်ရှာပေ။ကျောင်းထိုင်ဆရာတော်ကိုယ်တိုင်က ကရင်စာ ရေးနိုင်၊ဖတ်နိုင်မှု အားနည်းလေတော့ အမျိုးသားအကျိုး၊ စာပေအကျိုး ဘယ်လိုထမ်းဆောင်မည်နည်း။
(ပရိယတ္တိ ထူထောင်ခြင်း၊ စာပေသင်ကြား ပို့ချခြင်းသည် စာပေမျိုးဆက်သစ် မွေးထုတ်ခြင်း မဟုတ်ဟု မဆိုလိုပါ) စာပေ တသီတတန်းတတ်ပြီး ကရင်စာပေ စိတ်ဓာတ် မရှိသည်ကို ဆိုချင်ပါသည်။ မြို့၌ ကရင်ကျောင်း ဆိုင်းဘုတ်တွေကိုကြည့်ပါ။ ကရင်ဘာသာနှင့် ဆိုင်ဘုတ်တင်တာ သိပ်မတွေ့ရပေ။
တစ်ကျောင်းတစ်လေတော့ ရှိကောင်းရှိနိုင်ပါသည်။ များများစားစား မရှိသေး။ ကရင်ကျောင်းသည် ကရင်ဘာသာလို ဆိုင်းဘုတ်တင်ထားခြင်းအားဖြင့် အခြားလူမျိုး၊အခြားဘာသာစကားကို ထိခိုက်စရာအကြောင်းမရှိပေ။ ကိုယ့်ဘာသာစကားကိုလည်း မြှင့်တင်ရာ ရောက်သည်။ ကိုယ့်မှာ စာပေရေးထုံးရှိကြောင်း၊ တခြားတိုင်းရင်းသားညီနောင်တွေကို သိခွင့်ပေးသလို တိုင်းရင်းသားအချင်းချင်း နားလည်မှုလည်း ရရှိလာမှာဖြစ်ပါသည်။
တောမှာ ကရင်ရွာ၊ ကရင်ကျောင်း၊ ကရင်ဘုန်းကြီးတွေကို ပြန်ကြည့်တော့လည်း ကရင်စာပေစိတ်ဓာတ်နှင့်ပတ်သက်လျှင် ရင်လေးစရာပင်။ အများစုက အလှူခံခြင်း၊ ကျောင်းဆောက်ခြင်း၊ဘုရားတည်ခြင်း၊ ကျောင့်စောင့်ခြင်း၊ ဇာတ်ပွဲသဘင်ငှါးခြင်း စသည့်ဖြင့် လုပ်ကြသည်။
စာပေသင်တန်းဖွင့်ခြင်းကား ရှိသော်လည်း တနယ်မှာ တစ်ကျောင်း၊ တစ်ပါးတစ်လေသာ ရှိတတ်သည်။
အမှန်မှာတော့ ဘုန်းကြီးတွေက သြဇာအာဏာသက်ရောက်မှုရှိပါသည်။ အမှုအခင်းကလွဲပြီး ဘုန်းကြီးပြောလျှင် အားလုံးပြီးသည်။သို့ဖြစ်၍ ကျောင်းထိုင်ဘုန်းကြီးတွေက စာပေစိတ်ဓာတ်သာ ရှိလျှင် ကရင်စာပေသင်ကြမည်လို့ တစ်ခွန်းပြောလိုက်သည်နှင့် တစ်ရွာလုံးလိုလို စာလာသင်ကြမည်မှာဖြစ်သည်။
အဲသည်လို နှိုးဆော်ရန်နေနေသာသာ တစ်ဦးတစ်ယောက်က စာပေသင်တန်းဖွင့်ချင်လို့ သွားတင်လျှောက်တာတောင်မှ မလိုလား၊ ခွင့်မပြုသည့် ဘုန်းကြီးကလည်း ရှိသေးသည်။
စာရေးသူအတွေ့အကြုံအရ တချို့ဘုန်းကြီးဆိုလျှင် ဇာတ်ပွဲငှါးဖို့ အချိန်ပေးနိုင်သည်။ ကရင်စာပေသင်တန်းဖွင်ဖို့ကျတော့ အချိန်မပေးနိုင်။ ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် ပိုက်ဆံသန်းနှင့်ချီပြီး မတည်နိုင်သည်။ စာပေသင်တန်းအတွက်ကျတော့ သောင်းဂဏန်းလောက်တောင်မှ အကုန်အကျမခံနိုင်။ အခြေအနေက အဲသည်လိုရှိသည်။ အလွန်အုံသြဖို့ ကောင်းလှသည်။ စာရေးသူ ဝေဖန်ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ပါ။ စာပေစိတ်ဓာတ်နှင့် ပတ်သက်ပြီး တင်ပြခြင်းသာဖြစ်ပါသည်။
တကယ်တော့ ကရင်သည် ဘာသာရေးခေါင်းဆောင်ဖြစ်ဖြစ်၊ ပညာတတ်အလွှာဖြစ်ဖြစ်၊ သာမန်လူတန်းစားအလွှာဖြစ်ဖြစ် စာပေစိတ်ဓာတ်ရှိသူ အနည်းစုသာ ဖြစ်သည်။ စာပေစိတ်ဓာတ်သာ ရှိခဲ့ပါမူ ယခုလိုမျိုး စာပေ အောက်ကျနောက်ကျ ရှိနေမည်မဟုတ်ပါ။ တိုးတက်အောင် မလုပ်နိုင်သည့်တိုင် တတ်အောင်တော့ သင်ယူကြရမည်ဖြစ်သည်။ ယခုကျတော့ ဆယ်ပုံတစ်ပုံသာ မိမိစာပေကို ရေးနိုင်ဖတ်နိုင်သူရှိ၍ ကရင်လူမျိုး စာပေစိတ်ဓာတ် ရှိသည်၊ မရှိဘူးဆိုတာ သုံးသပ်ရင်း လိုအပ်နေသော ကရင်စာပေစိတ်ဓာတ်တစ်ခုကို ၀ိုင်းဝန်းဖြည့်စွက်ကြစေလိုကြောင်း……။
ပိုးဖလံ(ယမ်းငွေ့မြေ)
2749-ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်၊ သထုံမြို့နယ်၊ အထိန်းအမှတ်စာစောင်မှ။
Thursday, May 20, 2010
Karen Dhamma Talk( ဖႜံဳဓ၀္ၟဆု္ခႜါင္)
လ်ုအေန်တာနက်ဖိုင်အိုဝ် ပ်ုအေယောဝ်ထါင်စာ်္ဘိုဝ်…္ဘးဆါင့်လု ပ်ုဖႜုံယှင်ဖေါဟ် သင့်ဂၞီ့သယ် တွဝ့်ထးဓ၀်ၟ
လ်ုဖး ဍး္ဘးကႜါင်အေးဆေ၀်ၟလှ်။ ပ်ုဖႜုံယှင်ဖေါဟ် သင့်ဂၞီ့ တွဝ့်ဓ၀်ၟသှေ်၊ အ်ုမိင်ဍောဟ်သယ် အှ်ဍးသာလှ်။
လာဏင့်္ဘိုဝ်သီး ဆ်ုပ္ကုံဍုဂ်လင်ဏေ၀်ၟလ်ုအေန်တာနက်ဖိုင် ဍး္ဘးကႜါင်အေးသီး ဟ်ုလ၀်သှေ်ဆေ၀်ၟ။
စင်္ဘိုဝ် လ်ုဒကာဂမႜိုင်သယ်ခ၀့်သီး ဆ်ုသာပ်ုယောတ်အှ်သီးမွဲာဆေ၀်ၟ၊ လ်ုဟှးထီ့ခါန်ၟအ်ုယာင်သယ်လ်ုဖး
လ်ုဖံႜုသင့်ဂၞီ့တွဝ့်ထးဓ၀်.ပြေသယ်လ်ုဖး မ်ုဟှုင့်္ဘး၊ မ်ုဆံင့်ဏး္ဘးသီး လ်ုယ၀့်္ဘးသီးခ၀့်မွဲာဆေ၀်ၟ၊္ဘေ့သိုဝ် ဆ်ုကးဆ်ုဟှယ်သယ်လ်ုဖး ဏေ၀်ၟ္ဘးလာၟ၊ ဆံင့်ဏး္ဘးလာၟ ဖႜုံဓ၀်.သယ် ဆ်ုမူ့လာၟအှ်ဆေ၀်ၟ အ်ုခေါဟ်ကျံင်
အင်းတာင်ပ္ကုံ၊ ဍုဂ်လင်္ဘး ဖႜုံသင့်ဂၞီ့ဓ၀်ၟသယ် လ်ုအေန်တာနက်ဖိုင်ယိုဝ်ဆေ၀်ၟလှ်။
လာဏင့်္ဘိုဝ် တွဝ့်ဓ၀်ၟဆာၟ သင့်ဂီၞ့သီးခ၀့် ထံင်အ်ုလုက် လ်ုသှေ်ယာ့က္ဘဲးအ်ုခေါဟ်ကျံင် ထံင်အ်ုဏေ၀်ၟလ်ုဆင့်ဏှ်
မ်ုဍုဂ်လင်ဆေ၀်ၟလှ်။ အ်ုခါ့ယိုဝ်ဏှ် မ်ုဍုဂ်လင် ဖႜုံဖေါဟ်ဆ်ုခႜါင်ဓ၀်ၟပြေ(Karen Dhamma Talk) ယိုဝ် မွဲာဝေ့ဍး MP3 Files လှ်။ လု (video ) ဆ်ုဟှင်မိုင့်ဏှ် ဆ်ုကးဆ်ုဟှယ် အှ်လုစယ် အ်ုခေါဟ်ကျံင် မ်ုအင်းတာင်သာ့ လ်ုခါင့်
လ်ုယာ့အိုဝ်ဆေ၀်ၟလှ်။ အ်ုခါ့ယိုဝ် လ်ုအုဖင့်လး ဖှေ်ထး links ဏှ် ဍင်းလ၀့် (Download) ဏေ၀်ၟဟှံင် အေဆံင့်ဏး္ဘးသာ ဖႜုံဓ၀်ၟဆင်ထီ့ပြေဏှ် ဆံင့်ဏးမာဏေ၀်ၟဆု္ဘုံးဏေ၀်ၟကိုဝ်ဟှာဍေလှ်။
တွဝ့်ဓ၀်ၟဆာ သယ်လ်ုဖး…
(၁)သင့်ဃာဖါဍောဟ် ဖူ့ကျာ် ဇောတိက(ဏံင့်္ဘိုဝ်တွါန့်)
သာသနဓဇဓမ္မာစရိယ၊ သာသနတက္ကသီလမဟာဓမ္မာစရိယ (M.A)
အဘိဓမ္မပိဋကမဟာဌာနပါမောက္ခ မဟာဂန္တ၀ါစကပဏ္ဍိတ
အဂ္ဂမဟာဝါစက ပဏ္ဍိတ ဒုတိယပါမောက္ခချုပ်(သင်ကြား)
နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်၊ကမ္ဘာအေး၊ရန်ကုန်။
ဓ၀်ၟအ်ုခေါဟ်တင် အ်ုမိင်...သာၟ(Mind)
Download Here
Download(သင့်ဃာ့ဇောတိက)
(၂)မာန်နဲာဥာဏောဒယ (ခ်ုလိုဝ်တွါန့်)
B.A (Buddhism) Sri lanka.
ဓ၀်ၟအ်ုခေါဟ်တင် အ်ုမိင်...(မႝီၟလုိင့္ဃွဲဳိ ဓ၀်ၟဟှေဝ်ပြေ)
Download Here
Download(၁)(မာန်နဲာဥာဏောဒယ)
Download(၂)
Download(၃)
Download(4)
Download(5)
ဆ်ုထံင်ဏါင်း။ ။ လ်ုသင့်ဃာ့ဖါဍောဟ်ဖူ့ကျာ်ဇောတိက ခ၀့် အှ်ယာင်အ်ုခေါဟ်ကျံင် မ်ုဍုဂ်လင် က်ုဆာ.ဓ၀်.ယိုဝ်
အင်းကိင်ကႜုဟှး္ဘး မူၟကျာ် ထံင်ယိုဝ်လ်ုဆင့် ဆေ၀်ၟလှ် က်ုဆာကျာ်….။
ယှူးမုက်္ဘှ်ယ၀့် အှ်ဆံင်းအှ်ခႜါင့်လာၟကိုဝ်ဟှာဍေဆာ်….။
Monday, May 3, 2010
သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှုအဖြာဖြာ အပိုင်း(၂)
ဘိုးဘိုးနတ်ကို ကရင်ဘာသာဖြင့် `ဖူ့ပါဒိုး´ ဟုခေါ်ကြသည်။ ဗုဒ္ဓဘာသာကိုးကွယ်သော ပိုးကရင်၊ စကောကရင်များ ကိုးကွယ်ပသကြသည်။ ရုက္ခစိုးနတ် ဟုလည်း ခေါ်ကြသည်။ တစ်နှစ်လျှင်(၃) ကြိမ် ပူဇော်ပသကြသည်။တချို့မှာ သက်သတ်လွတ် အစားအစာဖြင့် ကန်တော့၍ ကြက်၊ ဘဲ၊ ၀က်၊ ဆိတ်၊ အရက်များဖြင့် ပူဇော်ကန်တော့ကြသည်။ ၀က်သားဖြူဖြင့် ကန်တော့၍ မရပါ။ နတ်ကိုးကွယ်မှုများတွင်
စည်းကမ်းလွန်စွာကြီးသည်။ ရိုသေမှု၊ ကိုင်းရှိုင်းမှုရှိရသည်။ တွေ့ရာစကားပြော၍ မရပါ။ ကရင်ပြည်နယ် အနှံ့အပြားတွင် ယခုထက်တိုင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။နတ်စားခြင်းသည် လူတိရိစ္ဆာန်တို့ ရောဂါကင်းဝေး၍ ဆန်ရေစပါးဖြစ်ထွန်းသည်။ စီးပွါးတိုးတက်၍ အန္တရာယ်ကင်းသည်ဟု ယုံကြည်ကြသည်။
(ခ)ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှု
ကရင်လူမျိုးများသည် ကရင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နေထိုင်ကြသည်။
ကရင်ပြည်နယ်တွင် ပိုးကရင်နှင့် စကောကရင်အချို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသကဲ့သို့ ဧရာဝတီတိုင်းရှိ ပိုးကရင်နှင့် စကောကရင်အချို့တို့သည်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။
ကော့ကရိတ်မြို့နယ်၊ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းသို့ ဗုဒ္ဓဘာသာသည် ဦးစွာဝင်ရောက်လာသည်ဟု ယူဆလျှင် မမှားနိုင်ပေ။
ဘိုးတော် အဉ္စနမင်း ဖြိုခွင်းသက္ကရာဇ် ၈၈-ခုနှစ်တွင် ဇယျမြို့ကို တည်ထောင်ခဲ့သည်။ ထိုမြို့ကို တည်ထောင်ခဲ့သည်မှာ မွန်လူမျိုး တိဿသက္ကမင်းဖြစ်သည်။ ထိုမင်းသည် ကရင်အမျိုးသား ဗျညားအိန္ဒာ ဆိုသူကို အိန္ဒာသေနရာဇာဘွဲ့ပေး၍ မင်းမြှောက်ခဲ့သည်။ ဗျညားအိန္ဒာလက်ထက်တွင် ဇယျမြို့ကို ပိုင်သရောင်ဒုံ ´တခါးမြို့` ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ ထိုအချိန်တွင် မွန်လူမျိုးတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်နေကြပြီး ဖြစ်သည်။
ကရင်နှင့် မွန်တို့သည် တစ်သွေးတစ်သားတည်း ဖြစ်နေသောအချိန်ဖြစ်၍ ဗုဒ္ဓဘာသာသည် ထိုအချိန်ကပင် အမြစ်တွယ်နေပြီးဖြစ်ကြောင်း မှန်းဆနိုင်ပါသည်။ သို့ရာတွင် ဦးနန္ဒမာလာ ဘွဲ့ခံ ဘုန်းတော်ကြီးသည် ခရစ်နှစ် ၁၇၃၈-ခုတွင် အင်းဝသို့ သွားရောက်၍ ပါဋ္ဌိ ပိဋကတ်တော်များကို သင်ကြားတတ်မြောက်ခဲ့ပြီး အင်းဝရှိ သာသနာပိုင်ထံမှ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့သည်။ဗုဒ္ဓဘာသာစာပေများကိုလည်း ကရင်ဘာသာဖြင့် သင်ကြားပို့ချပေးသည်။ ဆရာတော်အား ကြိုဆိုရာတွင် အသုံးပြုခဲ့သော ဆင်စွယ်(စွယ်စုံ) သည် ယခုအခါ ကရင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်တွင် ပြသထားသည်။ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ယနေ့တိုင် တည်ရှိခဲ့သည်။
(ဂ)ကလကုရသေ့ဂိုဏ်း
ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ်၊လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်
အများဆုံးနေထိုင်ကြပြီး တရားတော်နှင့် အကျင့်သိက္ခာကိုအခြေခံ၍ စောင့်ထိန်းကြသည်။ ငါးပါးသီလကို အလေးထားကာ ယနေ့တိုင် ရိုးရာဝတ်စုံများကို ၀တ်ဆင်နေကြဆဲဖြစ်သည်။ ကော့ကရိတ်မြို့နယ် ရှိ ထင်ရှားလှသော ပွဲတော်များတွင် မီးပုံပွဲသည် တစ်ခုအပါအ၀င်ဖြစ်သည်။ တပို့တွဲလပြည့်နေ့တွင် ကျင်းပကြသည်။ ၄င်းပွဲတော်ကို ဦးဆောင်ကျင်းပသည်မှာ ရသေ့ဂိုဏ်းကို ကိုးကွယ်သော ဂိုဏ်းသားများဖြစ်ကြသည်။ ၄င်းရသေ့သည် ငယ်စဉ်ကာလမှစ၍ သက်ဆုံးတိုင် သီလသမာဓိပြည့်စုံအောင် ကျင့်ကြံပြီး ဖန်ရည်စွန်းသောသင်္ကန်းကို သက်ဆုံးတိုင် ၀တ်ဆင်ခဲ့သည်။
(ဃ) ခရစ်ယာန်ဘာသာ
ကရင်လူမျိုးများအနက် ဒေါက်တာဂျက်ဆင်၏ တပည့်ဖြစ်သူ ဦးသာဖြူသည် ၁၈၂၈-ခုနှစ် မေလ(၁၆) ရက်နေ့တွင် ထားဝယ်မြို့၌ ပထမဆုံး နှစ်ခြင်းခံခဲ့ရသော ကရင်ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်။ ၁၈၂၈-ခုနှစ်မှ ၁၈၇၈-ခုနှစ်အတွင်း မော်လမြိုင်၊ ပုသိမ်ခရိုင်၊ တောင်ငူနယ်များသို့ သွား၍ သာသနာပြုခဲ့သည်။ ကရင်လူမျိုးများအတွင်း ခရစ်ယာန်သာသနာပြု ဂိုဏ်းပေါင်းစုံ ရှိပါသည်။ခရစ်ယာန်ဘာသာဝင် ကရင်လူမျိုးများသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ဘားအံမြို့နယ်၊ သံတောင်မြို့နယ်၊ ဖာပွန်မြို့နယ်များတွင် အများဆုံးနေထိုင်ကြသည်။ စကောကရင်အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ ခရစ်ယာန်ဘာသာဝင်တို့သည် နတ်စားခြင်းစသော ကိစ္စရပ်များကို ယုံကြည်ကိုးကွယ်မှုမရှိပါ။
(င)လဲကယ်ဘာသာ
လဲကယ်ဘာသာကို ၁၈၆၁-ခုနှစ်တွင် နှစ်ခြားကျေးရွာ၌ စတင်တည်ထောင်ခဲ့ကြသည်။ လဲကယ်ဘာသာဝင်တို့
သည် ရုပ်တု၊ ရုပ်ပွါး၊ စွယ်တော်များကို ကိုးကွယ်ခြင်းမရှိပါ။ အရိယာဘုရားလောင်းအား ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သောအလှူပွဲများနှင့် သာရေးနာရေးကိစ္စရပ်များတွင် ၀ိုင်းဝန်းကူညီကြသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် မတူညီသော အချက်မှာ အရိယာဘုရားလောင်းက ဗျာဒိတ်တော် ပိဋကတ်လေးပုံကို ပေးအပ်သွားသည်ဟု ယုံကြည်ကြခြင်းသာ ကွဲပြားမှုရှိပြီး ငါးပါးသီလနှင့် ပါရမီ(၁၀)ပါးကို အထူးလိုက်နာကျင့်သုံးကြသည်။ ၎င်းတို့တွင် ကြက်ယက်စာဖြင့် ရေးသားထားသော ကျမ်းပေါင်း (၂၆) ကျမ်း ရှိသည်။ ယခုအခါ လူအနည်းစုအဖြစ်သာ ကျန်ရစ်ခဲ့သည်။
(စ)ဗြဟ္မစိုရ်ဂိုဏ်း
ဗြဟ္မစိုရ်ဂိုဏ်းမှာ ခရစ်ယာန်တရားတော်၊ ဗုဒ္ဓဘာသာအယူဝါဒနှင့် ကရင့်ရိုးရာဓလေ့များ ပေါင်းစပ်ထားသော အယူဝါဒဂိုဏ်းဖြစ်သည်။ရွှေကျင်နယ်၊ အရှေ့ဖာပွန်ဒေသတွင် ဖိုးပိုက်ဆံမှ စတင်တည်ထောင်ခဲ့ပြီး စောဒါမေဖိုးမင်းက ၎င်း၏သား ဂျွန်ဆင်ဒီဖိုးမင်းနှင့် သောင်ဇင်၏အစ်ကို ဂျွန်ဆင်ဖိုးမင်းက ဆက်လက်ဦးဆောင်သည်။ တောင်ပေါ်ဒေသရှိ ဂဲဘားနှင့် ပဒေါင်လူမျိုး၊ အောက်မြန်မာပြည် စကောကရင်အချို့ ယုံကြည်ကြသည်။မှောဘီတွင် ဂိုဏ်းဌာနချုပ်ရှိသည်။ ဗုဒ္ဓဘာသာတရားတော်နှင့် ခရစ်ယာန်တရားတော်တို့ကို မိရိုးဖလာဓလေ့အပေါ် အရောင်တင်ပြီး တီထွင်ထားသော ဒေသအလိုက် အဖွဲ့ငယ် ဂိုဏ်းဂဏများလည်း မကြာခဏ ပေါ်လာတတ်သည်။
စာပေနှင့် စကားအုပ်စုများ
ကရင်စာပေသည် ယဉ်ကျေးမှုတွင် ကျမ်းတစ်ဆူအနေဖြင့် မှတ်တမ်းတင်ထားခဲ့ခြင်း မရှိခဲ့ပေ။ ကရင်စာပေကို ပထမခေတ်အနေဖြင့် ရှေးပဝေသဏီမှ ၁၈၃၇-ခုနှစ်အထိကာလကို သတ်မှတ်ခဲ့သည်။ ထိုခေတ်သည် ဘာသာစကားနှင့်စာပေကို နှုတ်အားဖြင့်မှတ်တမ်းတင်ခဲ့တာကြောင့် လင်္ကာခေတ်ဟု ခေါ်ဆိုနိုင်သည်။
ဒုတိယခေတ်ကို ၁၈၄၇-ခုနှစ်မှ ၁၉၆၄-ခုနှစ်ကာလကို သတ်မှတ်ရပေမည်။ စက်တင်ပုံနှိပ်သောခေတ်ဖြစ်ပြီး လင်္ကာဖွဲ့ဆို သီကုံးခြင်းထက် စကားပြေအရေးအသားများတွင် လွှမ်းမိုးသောခေတ်ဖြစ်သည်။ တတိယခေတ်ကို ၁၉၆၄-ခုနှစ် စတင်သည်ဟု သတ်မှတ်ရမည်။ အင်းဝနေပြည်တော်၌ ရဟန်းခံ၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျောင်း၌ သီတင်းသုံးခဲ့သော ဆရာတော် ဖူ့တာမိုက်(ဦးနန္ဒမာလာ)သည် ၁၇၅၀-ခုနှစ်တွင် မွန်အက္ခရာကိုအခြေခံ၍ ဗျည်းသရ အက္ခရာများကို လိုတိုးပိုလျှော့ဖြင့် တီထွင်ခဲ့ပြီး ဗိန္ဒုတော်ကျမ်းကို ပေပေါ်၌ ရေးသားခဲ့သည်။ပထမခေတ်တွင် စကောကရင်၏ ခရီဖိုး အမည်ရှိ စာပေနည်းစနစ်ရှိသည်ဟု ဆိုသည်။ စာပေ အရေးအသားမရှိဘဲ ရာစုများစွာကို ကျော်ဖြတ်လာသော စာပေနည်းပညာတစ်ရပ်ရှိသည်ကို တိကျခိုင်လုံစွာ ပြောဆိုနိုင်ပေသည်။
ကရင်လူမျိုးတို့၏ ဒဏ္ဍရီတစ်ခုတွင် ဖော်ပြသည်မှာ ရှေးယခင်က ကရင်စာပေ ရှိခဲ့ဖူးသည်။သားရေပေါ်တွင် ရေးသားထားသော စာ ဖြစ်သည်။ စနစ်တကျ သိမ်းဆည်းထားခြင်း မရှိသဖြင့် ပျောက်ကွယ်သွားသည်ဟု ဆို၏။ ယနေ့ ကရင်လူမျိုးတို့၏ စာရေးနည်း (၉) မျိုးထက်မနည်း ရှိသည်။ ၎င်းတို့အနက် မွန်-မြန်မာအက္ခရာကို
မှီး၍ တီထွင်ထားသော ကရင်စာရေးနည်း (၄) မျိုးနှင့် ရောမအက္ခရာဖြင့် တီထွင်ထားသော ဒူးဂဏန်းစာရေးနည်း အပါအ၀င် (၄) မျိုးကို အောက်ပါအတိုင်း ခွဲခြားဖော်ပြနိုင်သည်။
(၁) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် စကောကရင်စာပေ၊
(၄) မြိုင်သာယာဆရာတော်ပြုစုသော စကောကရင်စာပေ၊
(၅) ဖာပွန်မြို့နယ် စကောကရင်စာပေ၊
(၆) ဦးဘထွန်း တင်ပြပြုစုသော စကောကရင်စာပေ၊
(၇) ဒူးဂဏန်းနှင့် ပိုးကရင် (လိုက်ဆောင့်ဝှေ့) ကြက်ယက်စာပေ၊
(ဂ) ဗရင်ဂျီဘာသာ သံတောင်မြောက်ပိုင်း ကရင်သင်ပုန်းကြီး၊
(၉) ပအိုဝ့်အမျိုးသားများ၏ သင်ပုန်းကြီး (ယခုအခါ ပအိုဝ့်လူမျိုးများအား ကရင်အမျိုးအနွယ်တွင် ထည့်သွင်းထားခြင်းမရှိပါ။)
ယခုလက်ရှိ သုံးစွဲနေသော ကရင်စာပေများမှာ….
(၁) မွန်အက္ခရာကို အခြေခံသော ပိုး(အရှေ့) ကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသော စကောကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် ပိုး(အနောက်) ကရင်စာပေ ဟူ၍ ဖြစ်သည်။
(က) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေကို အေဒီ ၁၀၅၇ -ခုနှစ် ပုဂံပြည့်ရှင် အနော်ရထာမင်း သိမ်းပိုက် လိုက်သည်နှင့် နှစ်ပေါင်း ကိုးရာခန့်က စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။(သုတေသနပြုဆဲ)။
အချို့မှာ ၁၇၅၀-ခုနှစ်တွင် ဖူ့တာမိုက် ပြုစုမှုမှ ဖြစ်ပေါ်လာသည်ဟု ကွဲလွဲမှုရှိသည်။
(ခ) စကောကရင်စာပေမှာ ၁၈၃၂-ခုနှစ် ဒေါက်တာ ဂျိုနသန်ဝိတ်၏ ခရစ်ယာန်သာသနာ ပြန့်ပွါးဆောင်ရွက်ရာမှ ပေါ်ပေါက်လာခဲ့သည်။
(ဂ) မြန်မာ အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေမှာ ၁၈၅၂-ခုနှစ် ဒေါက်တာ အယ်လ်ဘရေတန်မှ မြန်မာအက္ခရာကို မှီး၍ ရေးသားခဲ့သည်။
ဆက်လက်ဖော်ပြပါဦးမယ်…။
Tuesday, April 6, 2010
လောတ်ကဲိုဖံင်းပႝာ.မိင်

ဆ်ုလောတ်ကိုဲဖံင်းပႝာ.မိင်ယိုဝ် မွဲာဝေ့ဖေါဟ်သး ဆ်ုနိုင့်ဆာသယ် ဆိုလောတ်ကဲိုလှ်။ အ်ုယှာထုက် ထီသိုဝ်အေအှ် ဏင်ၟနဲိုံ့ဟှ့ာ ဃှိုဝ်းဟှာသီးမလောတ်ကုဦသှေ်ဝေ့လှ်။ဖေါဟ်သး ပေ၀့်္ဘးဍာလ်ုဖး ဆ်ုကေ၀်လင်ထ ဆိင့်ခွင်ဝင်ဍင်ဖိုင်ဏှ် လင်အှ်ကံင်း
ထောဝ်ခါင့်္ဘေ့ ပႝာဏှ်သိုဝ်လှ်။ ဆု္ိလု္ပႝာၟသီးယို၀္ ေအဍးခံင္သႝာသယ္ဏွ္တာၟ ပႝာၟေမာ၀္၊ ပႝာၟေဖါဟ္၊ ပႝာၟယွာၟလု္ဖးဏွ္ အှ်ကှေ်ဝေ့ လ်ုအုတောဝ်ၟဖိုင်ဟှံင် ပႝာၟမောဝ်ဏင့် ၊ ပႝာၟဖါ႔ဖႜံင္၊ ပႝာၟဖါ႔ထီး.လ်ုဖးဏှ် အှ်ထောဝ်ခါင့်ဟှဟှလှ်။
ခေ၀့် ဖူထင့်သယ် အေဟှယ့်လင်ဏှ် တ၀်ဍေဏု် ဏု္ဘးမေ၀်.၊ တ၀်ဍေယု ယ်္ဘုးမေ၀်၊ မေ၀်လ်ုဍူ လ်ုနိုင်္ဘး္ဘးမေ၀်ဆိုင် ဏီ့ဍူသိုင့်ဍူလှ်။ ဖႜုံဆိုဒ်ဖေါဟ်သီးယိုဝ် ဍးလောဟ်ဍးဍုံင်ဏေ၀်ၟဝေ့ ပႝာၟမိင် အှ်ကုံထောဝ်ခါင့်ဏှ် လောတ်ကုဦဍုံင်ဝေ့ ပႝာၟဏှ်လှ်။ စင်ၟ္ဘိုဝ် ကေ၀်လင်ဆိင့်ခွင်ဝင်ဍင် ဖါလဲာဟှံင် ဖေါဟ်သးကဲပႝာၟမိင်လ်ုဖး လင်အှ်ကုံဆိင့်ခွင်ဖိုင် ထောဝ်ခါင့်ဟှဟှ အှ်ခိုဝ်လင်ဝေ့ သႝာဏှ်လှ်။ ဆ်ုကဲခေ၀့် ဆ်ုကဲဖူထင့်ဏှ်ဍ၀် မ်ုလေ၀်ဖံင်းအင်း ပႝာၟမိင္ဏွ္တာၟခါခႜိက္ထင္း နုက်လင်ဆိင့်ခွင်ဖိုင် လယ်ဖံင်းပႝာၟမိင်ဏှ်လှ်။
ပႝာၟမိင်ဟှယ့်ယှောဝ့်မေ၀်တာၟဆူထာင်သာ ပႝာၟမိင္ထာင္အွ္ကုံထာင္တာၟ နုက်လင် ဆိင့်ခွင်ဖိုင် လယ်ဖံင်းပႝာၟမိင်လှ်။ စါင်းထင်းအေထႜိုင့်ခွိက်ဆိင့်ခွင်ဏှ်ပႝာၟမိင်လံင်မေ၀်္ဘးလိုင်အေးလှ်။ဖံင်းဏေ၀်ပႝာၟမိင် ကျုဂ်လေံထင်း အေထႜိုင့်ဆိင့်ခွင်ဏှ် မွဲာဝေ့ပႝာၟမိင်ကျာဏှ်လှ်။နုက်လင်ဆိင့်ခွင်ဖိုင်ဏှ် ပႝာၟမိင္ဆာၟ ဏီ့ဟှာ သိုင့်ဟှာ ယှောဝ့်မေ၀်ကံင်းဝေ့ ပီပူပါဏှ်လှ်။ တုင်ၟဆာ့ကဲဆ်ုဖံင်းပႝာၟမိင်ဆာဏှ်ပႝာၟမိင်မေ၀်္ဘိုဝ်မေ၀်မေ၀်တုင်ၟက်ုဆုဂ်တ်ာတာ်ကျုဂ်လေံဆံင်းဏေ၀်ၟ ပႝာၟမိင် အေထႜိုင့်ဆိင့်ခွင်ဏှ် နိုင်ဝေ့လှ်။
အှ်ဆိင့်ခွင်ဖိုင် ပႝာၟမိင္လု္ဖး ဖံင်းကျုဂ်လေံဏေ၀် ထံင်အ်ုလုက်ဏှ် မွဲာဝေ့အ်ုနိုင်လှ်။္ဘးကိုဝ်ဖိုင့် ကိုဝ်ဖိုင့် လင်ဖံင်းပႝာၟမိင် ပႝာၟမိင်မေ၀ိဆိုင် ကီးထာ် စူးခေါဟ် သာဏာ့ မေံသးသယ်္ဘးထာ် ယောဝ်ထင်း ႓းတုင္ၟက်ာပႝာၟမိင္သီး အှ်ကိုဝ်ဖိုင့် ကိုဝ်ဖိုင့်ဆေ၀်ၟလု။ အးထုက်ဏှ် မွဲာဝေ့လ်ုအုဖံင်းပႝာၟမိင် ဏေ၀်လုက်နိုင်ဝေ့ဏှ်လှ်။
စ၀်အဲဆိုဒ် (္ဘုံးက်ုတိက်)
Sunday, March 28, 2010
“ထောဟ်ဃှံင်လ်ုဏေ၀်ၟ”
ယ်ုအဲထုက် ပ်ုဖႜုံထီ့ခါန်ၟ
အှ်္ဘုဂ်ထတယ်ခွဲါက႟င်
လု္ဘုဂ်လ်ုယာင်ဍုံထ်ုအင်
မိင်ဖႜဟ်သှ်ဖႜာထိုင့်ကောဝ်ကြင်။
ကၞ၀့္ေယွာတ္ထီ့ဖါန္သႜာ
အင်းလူၟယှံင်မုက်သုင်းမိင့်သာ
ဖႜုံယှင်ဖေါဟ်ဍုံဌာန့်လင်ၟဍာ
မြာဲတု္ယွာၟ ယွဴးမုက္လု္ဖါ။
ဆ်ုယ၀်ထင်းအေထံင်အ်ုခါ့
လီဟှယ့်အူး ခႜိင်းယှူးလ်ုသာ
လ်ုမုဂ်ဍင် ဆိင်းဃှီးသႜာ
ကျာ်သြီ့အှ်ထိုင်ၟလိုဒ်ၟကါ။
ထိုင့်ဖူဝဲါ ပ်ုဖႜုံဍေယှင်
မာဆိက် မာဃှုဂ်အှ်လုဏင်
ပ်ုတာ တ်ုဝယ့် ဆိက်လင်ကျင်
သုင်း္ဘူးဖႜာ်္ဘူး မုက်ကိုဝ်္ဘႜင်။
အေထံင်ဍ၀်ထီ့ခါန်ၟမူၟဏီ
ဆ်ုဃှီ့ဆ်ုလာ တုံၟထုင္းလီၟ
ၿပိဳင္ဃွံင္ပါမုက္လံင္ေဍခီၟ
ပု္ယွာၟခႜဳိ၀္ထ၀္ၟလု္အု္၀ီၟ။
ကုဂ်္ဘူးဟှံင် ဏိင်းသင့်အေထံင်
ဖႜုံယှင်ဖေါဟ်ဟှယ့်ထာင်ဍးခံင်
ဍောဟ်ထင်းကေႜာဟ်ဏိင်းသင့်ပ္တံင်
ထုင်းလီၟတုံး ပါမုက်အှ်ယှံင်။
ထာသ်ုဝါ်(ထီ့ဝါန်ၟရ၀်)



